Skip to main content

မဏိစႏၵာဥဒါန္​း


(unicode)
သူရဲကောင်းတပ်မင်းကြီးတွေရဲ့ အာဇာနည်ယောကျ်ားကောင်းတို့ ပြုအပ်တဲ့တာဝန်တွေထဲမှာ ကိုယ့်ချစ်သူကို ကိုယ့်သခင်ဆီ ပဏ္ဏာဆက်ဖို့ တာဝန်ရော ပါဝင်သတဲ့လား
                                           ခင်ဦး (မဏိစန္ဒာ)
အကြီးမားဆုံးအရာတစ်ခုကို ဆုံးရှုံးလက်လွှတ်လိုက်ခြင်းဟာ တစ်ချိန်တည်းမှာပဲ အကြီးကျယ်ဆုံးအောင်မြင်မှုဖြစ်ပါတယ်
ကျန်စစ်သားဟာ လူကိုယ်ကို သူ့နှလုံးသားကို သူ့ဆန္ဒကို သူမပိုင်ပါဘူး
ခွင့်လွှတ်ပါ ခွင့်မလွှတ်နိုင်လောက်အောင် မုန်းတီးစက်ဆုပ်မယ်ဆိုလည်း ခံယူဖို့အသင့်ရှိပါတယ်
                                              ကျန်စစ်သား
အရိန္ဒနာလှံသွားဟာ အမှန်တရားကို သိတယ်
ထိုးဖောက်စူးနစ်ရမယ့် ဖောက်ပြန်မှုကိုလည်း သိတယ်
သစ္စာတရား ကိန်းဝပ်တဲ့ အရိန္ဒမာဟာ သူ့သွားရာကို သူသိတယ်
                                            အနော်ရထာ
မဏိစန္ဒာနှင့် ကျန်စစ်သား
ပုဂံပြည့်ရှင် အနော်ရထာမင်း
ပုဂံခေတ် အချစ်ဇာတ်လမ်းဟာ အားလုံးလည်း ရင်းနှီးသိပြီးပါပဲ
ဥသာပြည်ကို ဂျွမ်းစစ်သည်တွေ ကျူ းကျော်တိုက်ခိုက်ခံနေရစဉ်က
ပုဂံပြည်က သူရဲကောင်းလေးယောက်ဟာ အနော်ရထာမင်းရဲ့ တာဝန်ပေးအပ်ချက်အရ စစ်ကူတိုက်ဖို့လာခဲ့ပါတယ်
ဥသာမင်းသမီးလေး မဏိစန္ဒာနဲ့ ကျန်စစ်သားတို့ ချစ်ကြိုးသွယ်ပြီး
အချစ်ကြီးချစ်ခဲ့ကြပေမယ့် အနော်ရထာမင်းဆီကို ပဏ္ဏာဆက်ဖို့ အကြောင်းက ဖန်လာတော့
ခင်ဦးဟာ ဖခင်ကိုလည်း နာကျည်း
မင်းပဏ္ဏာလို့ သိပြီးကတည်းက မိမိကို မျက်နှာတော်တောင် မော်မဖူးတော့တဲ့ ချစ်ရသူ ကျန်စစ်သားကို အမုန်းကြီးမုန်းခဲ့ အချစ်ကိုလည်းမသတ်နိုင်ဖြစ်ရရှာ … ချစ်လည်းချစ် မုန်းလည်းမုန်း
အရေးအသားပြောင်မြောက်လွန်းတဲ့ ဆရာချစ်ဦးညို …
မျက်ရည်ဆိုတာ သောကရဲ့ အနိမ့်ဆုံးဝေဒနာလေးပါပဲတဲ့
ချစ်ခြင်းမရှိ မျက်ရည်မရှိ အေးစက်စွာလောင်ကျွမ်းခြင်းပဲရှိတယ်လို့ ရေးဖွဲ့ထားတာတွေက လှလွန်းလို့ စာအုပ်ကို လက်ထဲကမချချင်လောက်အောင်ပါပဲ
သနားစိတ် ဝမ်းနည်းစိတ် မုန်းတဲ့စိတ် ချစ်တဲ့စိတ်နဲ့ ဘုရင့်သမီးတော်ဘဝကို နာကျည်းစိတ်တွေနဲ့ ခင်ဦးဟာ စာဖတ်သူ
စာဖတ်သူဟာ ခင်ဦးဖြစ်သွား …
ရှေးခေတ်က ဘုရင့်သမီးပျူ ိတစ်ပါးရဲ့ ဒုက္ခတွေကို မြင်သိခံစားစေတယ်
လက်ရုံးလို အားကိုးတွယ်နှောင်ရတဲ့ သားတော်နီးပါးချစ်ရတဲ့ ကျန်စစ်သားကို သားတော် စောလူးမင်းက မင်းပဏ္ဏာထိပါးခဲ့တယ်လို့ နန်းသဘင်ညီလာခံမှာ စွပ်စွဲပြန်တော့လည်း အနော်ရထာမင်းမှာ အရိန္ဒမာလှံတော်နဲ့ သစ္စာတရားကို စီရင်ခိုင်းခဲ့တယ်
မဏိစန္ဒာမင်းသမီးလေးကို သနားရှာတဲ့ အနော်ရထာမင်းရဲ့ကိုယ်ချင်းစာစကား ခွင့်လွှတ်ဖို့တောင်းပန်စကားတွေကလည်း ရင်ထဲကို ထိရှလွန်းပါရဲ့
"တကယ်တော့ ကျူ ပ်တို့သုံးယောက်လုံးဟာ မိမိရဲ့ သီးခြားဘဝတွေကိုဆုံးရှုံးနေကြတာပဲ … … …"
"မသိလို့ဖြစ်ခဲ့ကြတာတွေဟာ လွန်ပြီးမှ သိတဲ့အခါ အင်မတန်ကို ကြေကွဲစရာကောင်းတယ် … ကံကြမ္မာကိုယိုးမယ်ဖွဲ့ရမှာပဲ"
မိုးကြောင့် လယ်တောသီးနှံတွေ ပျော်မြူ းကြပေမယ့်
ပန်းပွင့်လေးတွေခမျာတော့ ပွင့်ဖတ်နွမ်းကြေ ပျက်စီးရတယ်
မိုးခြိမ်းသံတွေဟာ ပန်းပွင့်လေးတွေကို ခွင့်လွှတ်ဖို့တောင်းပန်တဲ့ မိုးမင်းကြီးရဲ့ ညည်းညူ သံတွေပါပဲ မဏိစန္ဒာတဲ့
ဖခင် အနော်ရထာမင်း နတ်ရွာစံပြီး စောလူးမင်းက နန်းတက်
စောလူးမင်းရဲ့ လက်ရုံးတော် ငရမန်ကန်းကို ဥသာဘုရင်လုပ်ခိုင်း
ဒါပေမယ့် စောလူးနဲ့ ငရမန်ဟာ သေရည်သောက် ကြွေအံကစားရာက မာနဂုဏ်ပြိုင် … ဥသာ ပုဂံစစ် ဖြစ်တော့မယ့်ကာလ
ခင်ဦးဟာ ကျန်စစ်သားကိုသွားရှာပြီး  ပြန်တွေ့ကြတဲ့ အခန်းမှာ
ချစ်သူနှစ်ဦးရဲ့ဒဏ်ရာအနာတရ နှလုံးသားတွေက ပိုလို့နားလည်နေကြသယောင် …
ဆရာချစ်ဦးညိုဟာ ကျန်စစ်သားကိုလည်း မမုန်းဘဲနားလည်ခိုင်း
မဏိစန္ဒာရဲ့ နှလုံးသားဝေဒနာကို သနားခိုင်း ကြေကွဲခိုင်း
အနော်ရထာမင်းကိုလည်း သနားခိုင်းနဲ့
ဖတ်ကြည့်မှ ပိုထိမယ့် စာအုပ် …
ဖတ်ညွှန်း @မှော်အတ္တ
👇Download Link 👇
https://mm1ink.info/V0HO
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1


(zawgyi)
သူရဲကောင်းတပ်မင်းကြီးတွေရဲ့ အာဇာနည်ယောက်ျားကောင်းတို့ ပြုအပ်တဲ့တာဝန်တွေထဲမှာ ကိုယ့်ချစ်သူကို ကိုယ့်သခင်ဆီ ပဏ္ဏာဆက်ဖို့ တာဝန်ရော ပါဝင်သတဲ့လား
                                           ခင်ဦး (မဏိစန္ဒာ)
                                              ကျန်စစ်သား
                                            အနော်ရထာ
ရှေးခေတ်က ဘုရင့်သမီးပျိုတစ်ပါးရဲ့ ဒုက္ခတွေကို မြင်သိခံစားစေတယ်
ဖတ်ညွှန်း @မှော်အတ္တ
👇Download Link 👇
https://mm1ink.info/V0HO
👇👇👇👇👇👇👇👇






Comments

Popular posts from this blog


(unicode) ဆရာနန္ဒသိန်းဇံစာအုပ်မျာစုစည်းမှု နန္ဒာသိန်းဇံ - ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ် https://mm1ink.info/KjnF နန္ဒာသိန်းဇံ - ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း https://mm1ink.info/IC4S နန္ဒာသိန်းဇံ - စိတ်အဆင့်ဆင့့်မြင့်တက်ခြင်းသဘာဝ https://mm1ink.info/dz7ru6BH နန္ဒာသိန်းဇံ - စီးပွားရေးနှင့်စစ်ရေးဗျူဟာ https://mm1ink.info/9BekiEOT နန္ဒာသိန်းဇံ - ဘဝအဓိပါ္ပယ်နှင့်ဘဝသစ္စာ https://mm1ink.info/MimT နန္ဒာသိန်းဇံ - မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ https://mm1ink.info/mCxoU6 နန္ဒာသိန်းဇံ - မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း https://mm1ink.info/EdGBF (or) နန္ဒာသိန်းဇံ - မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်းpdf https://mm1ink.info/2gJg နန္ဒာသိန်းဇံ - မှန်သောစကားကိုဆိုခြင်း https://mm1ink.info/7B3M နန္ဒာသိန်းဇံ - သမုဒ်ပင်လယ်ပြာ နှိုင်းပမာ https://mm1ink.info/luafEruA နန္ဒာသိန်းဇံ - အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ဝေ့ပျံ့နေဆဲ https://mm1ink.info/5CAUa (or) နန္ဒာသိန်းဇံ - အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲpdf https://mm1ink.info/ICUSW...


(unicode) အာရှတိုက်ရဲ့ အလင်းရောင် =============== (မောင်သာနိုး) အနောက်နိုင်ငံမှာ ဗုဒ္ဓဘာသာရောက်ရှိပျံနှံပုံသမိုင်းကို ပြောရင် "အာရှတိုက်ရဲ့ အလင်းရောင်"ကို ထည့်မပြောလို့ မဖြစ်ဖူး။ ဒီစာအုပ် ပထမဆုံးအကြိမ်ထုတ်တာက ၁၈၇၉ ခုနှစ်မှာ ဖြစ်တယ်။ အဲ့ဒီအချိန်တဝိုက်ဟာ အနောက်နိုင်ငံမှာ ဗုဒ္ဓဘာသာအကြောင်း လေ့လာသမှု စတင်ပြုကြတဲ့အချိန်၊ ဒီအချိန်မှာ "အာရှတိုက်ရဲ့ အလင်းရောင်" ထွက်လာတဲ့အခါ ၊ တခါထဲ အရောင်းရဆုံး ဗုဒ္ဓကျမ်းစာအုပ် ဖြစ်သွားပါတော့တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ အင်္ဂလန်မှာ အကြိမ်၆၀၊ အမေရိကန်မှာ အကြိမ်၈၀ ထပ်,ထပ်ပြီး ရိုက်ခဲ့ရတယ်၊ ခုလဲ ရိုက်နေရဆဲ။ အုပ်ရေအရဆိုရင်တော့ သန်းချီခဲ့ပြီ။ တကယ်လဲ ဒီစာအုပ်ကြောင့် ဗုဒ္ဓဘာသာဖြစ်သူတွေ ဒုနဲ့ဒေး ဆိုနိုင်တယ်။ အနောက်နိုင်ငံက ဗုဒ္ဓဘာသာဝင်တဦးကို ဘယ်လိုလုပ် ဗုဒ္ဓဘာသာဝင်ဖြစ်လာရပါသလဲလို့ မေးရင် "အာရှတိုက်ရဲ့ အလင်းရောင်"ကို ဖတ်ပြီး ဖြစ်လာကြောင်း ဖြေသူက အများအပြား ဖြစ်လိမ့်မယ်။ လန်ဒန်ဗုဒ္ဓဘာသာအသင်းရဲ့ ဥက္ကဌ ခရစ်မတ်ဟမ်းဖရီးက "ရာစုနှစ်တဝက်လုံး ပညာရှင်တွေ လေ့လာကြလို့ရနိုင်မယ် မဟုတ်တဲ့ ဓမ္မပရိတ်သတ်ကို ဒီစာအုပ်မဟာက ရခဲ့တယ်ဆိုရင် လွန်လွန်း...


(unicode) ပန်းချီဝါသနာရှင်များအတွက် #ပန်းချီရေးရာနှင့်ပုံဆွဲအခြေခံများစာအုပ် #အောင်မြတ်ဌေး Link 👉 https://mm1ink.info/NN8FT မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ 👇👇👇👇👇👇👇👇 https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1 (Zawgyi) ပန်းချီဝါသနာရှင်များအတွက် #ပန်းချီရေးရာနှင့်ပုံဆွဲအခြေခံများစာအုပ် #အောင်မြတ်ဌေး Link 👉 https://mm1ink.info/NN8FT မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ 👇👇👇👇👇👇👇👇 https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1