Skip to main content

ဘာေၾကာင့္ စာဖတ္ဖို႔လိုသလဲ

(Unicode)
ဆရာကြီးဦးအောင်သင်းရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား…
လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင်???လူကသာတယ်လိုပဲဖြေကြတယ်… စဉ်းစားကြည့်ရအောင်…
မြင်းလောက်အပြေးသန်သလား?
ဆင်လောက်ခွန်အားကြီးသလား?
ငါးလောက်ရေကူးကျွမ်းသလား?
ကျီးကန်တို့လဒတို့လောက် မျက်စိလျှင် လား?
အယ်ဇေးရှင်းခွေးလောက် အနံ့ခံကောင်းလား?
အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့…
ပျားတွေလောက်မစည်းလုံးဘူးနော်… ပျားတွေဟာသိပ်ဝီရိယကောင်းတယ်

ပန်းပွင့်မညိုးခင် မနက်စောစော ကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်တယ်။

ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကိုတွေ့လာရင် သတင်းလာပို့တယ်…

သူကဦးဆောင်ခေါ်သွားတယ် နောက်ကပျားတွေကလည်း ထပ်ကြပ်မကွာလိုက်တယ်…

သူတို့ယူလာတဲ့ဝတ်ရည်ကို သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်…

ဘယ်ပျားကမှမခိုးဘူး ။ မှောင်ခိုမချဘူး ကောင်းလိုက်တဲ့ဗီဇ… ရှဥ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ်…

သူများသွားလမ်းပိတ်မထားဘူး။

လူတွေလို ဘယ်သူသေသေ ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး။

ပျားအုံကိုထိရင် အသေခံကာကွယ်တယ်။ ပျားတွေ နိုင်ငံတော်သည် ဘယ်လောက်အားကျဖို့ကောင်းလဲ?

ဘယ်လောက်အတုယူဖို့ကောင်းလဲ

ကောင်းပြီ ဆက်စဉ်းစားကြရအောင် လူတွေဟာ တိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေထုတ်ကြည့်ရင် သုံးမျိူးပဲရှိတယ်…

၁- အလှအပကိုခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း။

၂- ကိုယ့်ကျင့်တရားရှိခြင်း။

၃- ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း ဉာဏ်ပညာရှိခြင်း။

လူတွေဟာ အလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်… တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး ကြီးနိုင်ငယ်ညှင်းတယ်…

မကောင်းတာကောင်းတာသူတို့မသိဘူး… ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး…

လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင် တိရစ္ဆာန်နဲ့မခြားနားဘူး…

ကျိုးကြောင်းဆင်ခြင်ဉာဏ် ပညာကြီးတယ်။ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်။

ကိုယ့်ထက်အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်… မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ် လှည်းတပ်ဆွဲခိုင်းတယ်…

ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့များတယ် ပိုက်နဲ့ဖမ်းတယ်… ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်…

ဒါဘာလို့လဲ??? လူတွေကတိရစ္ဆာန်တွေထက် အကျိူးအကြောင်းဆင်ခြင်နိုင်လို့ ဉာဏ်ပညာကြီးလို့ပေါ့

လူတွေကတိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဉာဏ်ပိုကြီးလို့ ဒါဆိုရင်လူအချင်းချင်းရော? စဉ်းစားနော်သေချာစဉ်းစား…

လူတွေမှာလည်း ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့…

သူများနိုင်ငံမှာသွားပြီး ပညာသင်ရတယ်…

သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံအလုပ်လုပ်ရတယ် သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး…

အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့…

အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင် သူများခေါင်းပုံဖြတ်တာမခံရအောင် သူများလူလည်ကျတာမခံရအောင်

သူများအနိုင်ကျင့်တာမခံရအောင် ပညာတတ်ဖို့ အမြင်ကျယ်ဖို့ အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ် ဘာလုပ်ရမလဲ?

စာဖတ်ရမှာပေါ့… စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ…

သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ် ရယူတာ…

စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေမယ့် စာမျိူး များများဖတ်ပါ ။

ဘဝကိုဦးနှောက်ကဦးဆောင်တာ အသိပညာရစေမယ်စာတွေ များများဖတ်စေချင်တယ်…

ဆရာကြီးအားလေးစားလျက်…

Credit to: Original Writer


(Zawgyi)
ဆရာႀကီးဦးေအာင္သင္းရဲ႕ အႀကိဳက္ဆုံးထဲက အႀကိဳက္ဆုံးစကား…
လူနဲ႕တိရစာၦန္ ဘယ္သူသာလဲေမးရင္???လူကသာတယ္လိုပဲေျဖၾကတယ္… စဥ္းစားၾကည့္ရေအာင္…
ျမင္းေလာက္အေျပးသန္သလား?
ဆင္ေလာက္ခြန္အားႀကီးသလား?
ငါးေလာက္ေရကူးကြၽမ္းသလား?
က်ီးကန္တို႔လဒတို႔ေလာက္ မ်က္စိလွ်င္ လား?
အယ္ေဇးရွင္းေခြးေလာက္ အနံ႕ခံေကာင္းလား?
အဖြဲ႕အစည္းနဲ႕ ဘာနဲ႕ ညာနဲ႕ စည္းလုံးတယ္ ဘာညာနဲ႕မေျပာနဲ႕…
ပ်ားေတြေလာက္မစည္းလုံးဘူးေနာ္… ပ်ားေတြဟာသိပ္ဝီရိယေကာင္းတယ္

ပန္းပြင့္မညိုးခင္ မနက္ေစာေစာ ကတည္းက လုံ႕လစိုက္ၿပီး အလုပ္လုပ္တယ္။

ပ်ားတစ္ေကာင္ဟာ ပန္းဝတ္ရည္ကိုေတြ႕လာရင္ သတင္းလာပို႔တယ္…

သူကဦးေဆာင္ေခၚသြားတယ္ ေနာက္ကပ်ားေတြကလည္း ထပ္ၾကပ္မကြာလိုက္တယ္…

သူတို႔ယူလာတဲ့ဝတ္ရည္ကို သိုေလွာင္တဲ့ေနရာမွ အတိတက်ထားတယ္…

ဘယ္ပ်ားကမွမခိုးဘူး ။ ေမွာင္ခိုမခ်ဘဴး ေကာင္းလိုက္တဲ့ဗီဇ… ရွဥ့္ေလွ်ာက္လို႔ရေအာင္ လမ္းခ်န္ေပးထားတယ္…

သူမ်ားသြားလမ္းပိတ္မထားဘူး။

လူေတြလို ဘယ္သူေသေသ ၿပီးၿပီးေရာဆိုတဲ့ စိတ္ယုတ္မရွိဘူး။

ပ်ားအုံကိုထိရင္ အေသခံကာကြယ္တယ္။ ပ်ားေတြ နိုင္ငံေတာ္သည္ ဘယ္ေလာက္အားက်ဖိဳ႕ေကာင္းလဲ?

ဘယ္ေလာက္အတုယူဖို႔ေကာင္းလဲ

ေကာင္းၿပီ ဆက္စဥ္းစားၾကရေအာင္ လူေတြဟာ တိရစာၦန္ေတြထက္ ဘယ္ေနရာသာသလဲ အေျဖထုတ္ၾကည့္ရင္ သုံးမ်ိဴးပဲရွိတယ္…

၁- အလွအပကိုခံစားတတ္ျခင္း ဖန္တီးတတ္ျခင္း။

၂- ကိုယ့္က်င့္တရားရွိျခင္း။

၃- က်ိဴးေၾကာင္းဆင္ျခင္နိုင္ျခင္း ဉာဏ္ပညာရွိျခင္း။

လူေတြဟာ အလွအပကိုခံစားတတ္တယ္ ဖန္တီးတတ္တယ္… တိရစာၦန္ေတြမွာကိုယ္က်င့္တရားမရွိဘူး ႀကီးနိုင္ငယ္ညွင္းတယ္…

မေကာင္းတာေကာင္းတာသူတို႔မသိဘူး… ကိုယ့္က်င့္တရားဆိုတာလည္းမရွိဘူး…

လူတစ္ေယာက္မွာ ကိုယ္က်င့္တရားမရွိရင္ တိရစာၦန္နဲ႕မျခားနားဘူး…

က်ိဳးေၾကာင္းဆင္ျခင္ဉာဏ္ ပညာႀကီးတယ္။ ဘယ္လိုလုပ္ရင္ ဘယ္လိုျဖစ္မယ္ဆိုတာသိတယ္။

ကိုယ့္ထက္အားႀကီးတဲ့ဆင္ကို ခြၽန္ေပါက္ၿပီးသစ္ဆြဲခိုင္းတယ္… ျမင္းကိုပါးခ်ဳပ္တက္ၿပီးခြစီးတယ္ လွည္းတပ္ဆြဲခိုင္းတယ္…

ေရကူးကြၽမ္းတဲ့ငါးကို ငါးမွ်ားခ်ိတ္နဲ႕မ်ားတယ္ ပိုက္နဲ႕ဖမ္းတယ္… ကိုယ့္ထက္စည္းလုံးပါတယ္ဆိုတဲ့ပ်ားကို ဖြတ္စားတယ္…

ဒါဘာလို႔လဲ??? လူေတြကတိရစာၦန္ေတြထက္ အက်ိဴးအေၾကာင္းဆင္ျခင္နိုင္လို႔ ဉာဏ္ပညာႀကီးလို႔ေပါ့

လူေတြကတိရစာၦန္ေတြအေပၚ လႊမ္းမိုးနိုင္တာဟာ ဉာဏ္ပိုႀကီးလို႔ ဒါဆိုရင္လူအခ်င္းခ်င္းေရာ? စဥ္းစားေနာ္ေသခ်ာစဥ္းစား…

လူေတြမွာလည္း ပညာႀကီးတဲ့လူက ပညာနည္းတဲ့သူကို လႊမ္းမိုးနိုင္မွာေပါ့…

သူမ်ားနိုင္ငံမွာသြားၿပီး ပညာသင္ရတယ္…

သူမ်ားနိုင္ငံမွာသြားၿပီး ေအာက္က်ိဳ႕ခံအလုပ္လုပ္ရတယ္ သူတို႔ေလာက္ ငါတို႔ပညာမတတ္လို႔ပဲ

ဒါကို တို႔နိုင္ငံက လူေတြက အခုခ်ိန္ထိပညာကို တန္ဖိုးထားရေကာင္းမွန္းမသိဘူး…

အျမင္က်ယ္တဲ့သူက အျမင္က်ဥ္းတဲ့သူကို လႊမ္းမိုးနိုင္မွာေပါ့…

အဲ့ဒီေတာ့ သူမ်ားလႊမ္းမိုးတာမခံရေအာင္ သူမ်ားေခါင္းပုံျဖတ္တာမခံရေအာင္ သူမ်ားလူလည္က်တာမခံရေအာင္

သူမ်ားအနိုင္က်င့္တာမခံရေအာင္ ပညာတတ္ဖို႔ အျမင္က်ယ္ဖို႔ အသိပညာရွိဖို႔ ဗဟုသုတရွိဖို႔လိုတယ္ ဘာလုပ္ရမလဲ?

စာဖတ္ရမွာေပါ့… စာဖတ္တယ္ဆိုတာ သူမ်ားအမွား ကိုယ္ဆက္မမွားေအာင္လုပ္တာ…

သူမ်ားအေတြအႀကဳံ ကိုယ့္အေတြအႀကဳံအျဖစ္ ရယူတာ…

စာဖတ္တဲ့ေနရာမွာ ဦးေႏွာက္ကို ခြန္အားျဖစ္ေစမယ့္ စာမ်ိဴး မ်ားမ်ားဖတ္ပါ ။

ဘဝကိုဦးေႏွာက္ကဦးေဆာင္တာ အသိပညာရေစမယ္စာေတြ မ်ားမ်ားဖတ္ေစခ်င္တယ္…

ဆရာႀကီးအားေလးစားလ်က္…

Credit to: Original WriterWriter


Comments

Popular posts from this blog

ဆရာနႏၵသိန္းဇံစာအုပ္မ်ာစုစည္းမႈ

(unicode) ဆရာနန္ဒသိန်းဇံစာအုပ်မျာစုစည်းမှု နန္ဒာသိန်းဇံ - ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ် https://mm1ink.info/KjnF နန္ဒာသိန်းဇံ - ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း https://mm1ink.info/IC4S နန္ဒာသိန်းဇံ - စိတ်အဆင့်ဆင့့်မြင့်တက်ခြင်းသဘာဝ https://mm1ink.info/dz7ru6BH နန္ဒာသိန်းဇံ - စီးပွားရေးနှင့်စစ်ရေးဗျူဟာ https://mm1ink.info/9BekiEOT နန္ဒာသိန်းဇံ - ဘဝအဓိပါ္ပယ်နှင့်ဘဝသစ္စာ https://mm1ink.info/MimT နန္ဒာသိန်းဇံ - မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ https://mm1ink.info/mCxoU6 နန္ဒာသိန်းဇံ - မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း https://mm1ink.info/EdGBF (or) နန္ဒာသိန်းဇံ - မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်းpdf https://mm1ink.info/2gJg နန္ဒာသိန်းဇံ - မှန်သောစကားကိုဆိုခြင်း https://mm1ink.info/7B3M နန္ဒာသိန်းဇံ - သမုဒ်ပင်လယ်ပြာ နှိုင်းပမာ https://mm1ink.info/luafEruA နန္ဒာသိန်းဇံ - အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ဝေ့ပျံ့နေဆဲ https://mm1ink.info/5CAUa (or) နန္ဒာသိန်းဇံ - အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲpdf https://mm1ink.info/ICUSW...

အာ႐ွတိုက္​ရဲ႕ အလင္​း​ေရာင္​

(unicode) အာရှတိုက်ရဲ့ အလင်းရောင် =============== (မောင်သာနိုး) အနောက်နိုင်ငံမှာ ဗုဒ္ဓဘာသာရောက်ရှိပျံနှံပုံသမိုင်းကို ပြောရင် "အာရှတိုက်ရဲ့ အလင်းရောင်"ကို ထည့်မပြောလို့ မဖြစ်ဖူး။ ဒီစာအုပ် ပထမဆုံးအကြိမ်ထုတ်တာက ၁၈၇၉ ခုနှစ်မှာ ဖြစ်တယ်။ အဲ့ဒီအချိန်တဝိုက်ဟာ အနောက်နိုင်ငံမှာ ဗုဒ္ဓဘာသာအကြောင်း လေ့လာသမှု စတင်ပြုကြတဲ့အချိန်၊ ဒီအချိန်မှာ "အာရှတိုက်ရဲ့ အလင်းရောင်" ထွက်လာတဲ့အခါ ၊ တခါထဲ အရောင်းရဆုံး ဗုဒ္ဓကျမ်းစာအုပ် ဖြစ်သွားပါတော့တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ အင်္ဂလန်မှာ အကြိမ်၆၀၊ အမေရိကန်မှာ အကြိမ်၈၀ ထပ်,ထပ်ပြီး ရိုက်ခဲ့ရတယ်၊ ခုလဲ ရိုက်နေရဆဲ။ အုပ်ရေအရဆိုရင်တော့ သန်းချီခဲ့ပြီ။ တကယ်လဲ ဒီစာအုပ်ကြောင့် ဗုဒ္ဓဘာသာဖြစ်သူတွေ ဒုနဲ့ဒေး ဆိုနိုင်တယ်။ အနောက်နိုင်ငံက ဗုဒ္ဓဘာသာဝင်တဦးကို ဘယ်လိုလုပ် ဗုဒ္ဓဘာသာဝင်ဖြစ်လာရပါသလဲလို့ မေးရင် "အာရှတိုက်ရဲ့ အလင်းရောင်"ကို ဖတ်ပြီး ဖြစ်လာကြောင်း ဖြေသူက အများအပြား ဖြစ်လိမ့်မယ်။ လန်ဒန်ဗုဒ္ဓဘာသာအသင်းရဲ့ ဥက္ကဌ ခရစ်မတ်ဟမ်းဖရီးက "ရာစုနှစ်တဝက်လုံး ပညာရှင်တွေ လေ့လာကြလို့ရနိုင်မယ် မဟုတ်တဲ့ ဓမ္မပရိတ်သတ်ကို ဒီစာအုပ်မဟာက ရခဲ့တယ်ဆိုရင် လွန်လွန်း...

ပန္းခ်ီေရးရာႏွင့္ပုံဆြဲအေျခခံမ်ားစာအုပ္​

(unicode) ပန်းချီဝါသနာရှင်များအတွက် #ပန်းချီရေးရာနှင့်ပုံဆွဲအခြေခံများစာအုပ် #အောင်မြတ်ဌေး Link 👉 https://mm1ink.info/NN8FT မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ 👇👇👇👇👇👇👇👇 https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1 (Zawgyi) ပန္းခ်ီဝါသနာရွင္မ်ားအတြက္ #ပန္းခ်ီေရးရာႏွင့္ပုံဆြဲအေျခခံမ်ားစာအုပ္ #ေအာင္ျမတ္ေဌး Link 👉 https://mm1ink.info/NN8FT မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ 👇👇👇👇👇👇👇👇 https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1